မြိတ် ဇွန် ၂၈
ပညာဘူမိတက္ကသိုလ်ကကြီးမှူး၍ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ ဩဝါဒလမ်းညွှန်ချက်နှင့် အညီ သုတဓမ္မစာမေးပွဲများကို နိုင်ငံတစ်ဝန်းရှိ စာဖြေဌာနများတွင် ကျင်းပလျက်ရှိရာ တနင်္သာရီ စာဖြေဌာန(၁)အဖြစ် မြိတ်မြို့ တပ်ပြင်ရပ်ရှိ စံကျောင်းတိုက်၌ ကျင်းပသည်။
သုတဓမ္မ စာမေးပွဲများကို ဒီပလိုမာတန်း Level 1 ၊ 2 ၊ 3 နှင့် BA တန်း(Part 1 ၊ 2 ၊ 3) အဆင့်များ ပါဝင်ပြီး နိုင်ငံတစ်ဝန်းတွင် စာမေးပွဲများကို နှစ်စဉ်ကျင်းပ လျက်ရှိကာ အဆိုပါစာမေးပွဲကို ဗုဒ္ဓဘာသာဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တနင်္သာရီ စာဖြေဌာန(၁)တွင် သုတဓမ္မ ဒီပလိုမာတန်းနှင့် သုတဓမ္မဂဝေသီတန်း စာမေးပွဲကို ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့ရာ ပထမနေ့တွင် ဝင်ရောက်ဖြေဆိုသူ ၅၈ ဦးရှိ၍ ဒုတိယနေ့တွင် ဝင်ရောက်ဖြေဆိုသူ ၈၇ ဦးရှိပြီး စုစုပေါင်း ၁၄၅ ဦး ဖြေဆိုကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


