ပေကျင်း     ဇွန်    ၂၉

တရုတ်နိုင်ငံသည်  ငလျင်အပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်  ဗင်နီဇွဲလားနိုင်ငံသို့ နောက်ထပ်အကူအညီများပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂါအိုဂျီကန်က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယခုပေးအပ်သည့် အရေးပေါ်ပစ္စည်းအကူအညီသည်  ယွမ်သန်း ၁၀၀ တန်ဖိုးရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုပြောကြားခဲ့သည်။

 တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံတွင်ဖြစ်ခဲ့သည့် ငလျင်များ၏ ပြင်းထန်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် ငလျင်ဇုန်များတွင် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံက ဂြိုဟ်တုပုံရိပ်များကိုလည်း ပေးအပ်ခဲ့ကြောင်း  ၎င်းကပြောကြားခဲ့သည်။

ဗင်နီဇွဲလားရှိ တရုတ်ကုမ္ပဏီများနှင့် ပြည်ပရောက် တရုတ်လူမျိုးများအသင်းအဖွဲ့များသည် အရေးပေါ်လိုအပ်သော စက်ယန္တရားများနှင့် ဆေးဝါးပစ္စည်းများကို ပေးအပ်ခဲ့ပြီး  အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ကြောင်းနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများ  များပြားလာသည်နှင့်အမျှ တရုတ်နိုင်ငံသည် ကူညီရန်အသင့်ရှိနေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။             

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ