ကာရာကတ်စ် ဇွန် ၂၉
ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့် ဇွန် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်နှစ်ခုကြောင့် ပြိုကျအဆောက်အအုံများအတွင်း အသက်ရှင်လျက်ကျန်ရှိသူများကို ကြိုးပမ်းရှာဖွေနေကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၄၅၀ ရှိပြီး ထောင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဂျော့ရိုဒရီဂွက်ဇ်က ထုတ်ပြန်ပြောကြားသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရသူ ၃၁၅၀ ရှိပြီး လူ ၁၂၇၂၁ ဦးမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။ အဆောက်အအုံပေါင်း ၇၅၀ ကျော်လည်း ပျက်စီးခဲ့သည်။
နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်တင်ရန် ရောက်ရှိလာသော်လည်း ၇၂ နာရီကျော်သွားသည့်အတွက် အသက်ရှင်နိုင်မှု အလားအလာအားနည်းလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်လုလုပ်ဆောင်နေရကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


