ကိုလံဘို  ဇွန်  ၂၉

သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၅၂၀၀၀ ကျော်ရှိပြီး သေဆုံး သူ ၃၁ ဦးရှိကြောင်း၊  ဗိုင်းရပ်စ်မျိုးကွဲ ပြောင်းလဲမှုနှင့် ခြင်ပေါက်ပွားမှုများကြောင့်  ရောဂါဖြစ်ပွားမှုတိုးလာခြင်းဖြစ်ကြောင်း  အာဏာပိုင်များက သတိပေးထားသည်။

မိုးရာသီနှင့် ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုများကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် အပျက်အစီးများက ခြင်ပေါက်ပွားရန် အခြေအနေများကို ပိုမိုဖြစ်ပေါ်စေကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန (NDCU) ဒါရိုက်တာ ကာပီလာကန်နန်ဂါရာက ပြောကြားသည်။

ဆင်ဟွာ