ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့်ပွဲစဉ်တွေကို ဇွန် ၃၀ ရက် ညပိုင်းနဲ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတို့မှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်း၊ နော်ဝေအသင်းနဲ့ မက္ကဆီကိုအသင်းတို့ နိုင်ပွဲကိုယ်စီရပြီး (၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကို  အမ်ဘတ်ပီက နှစ်ဂိုး၊ ဘာကိုလာက  တစ်ဂိုးသွင်းယူပေးခဲ့ပြီး တိုက်စစ်မှူး အမ်ဘတ်ပီဟာ   ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား သွင်းဂိုးခြောက်ဂိုး ရှိသွားပြီလည်း ဖြစ်ပါတယ်။

နော်ဝေအသင်းကတော့ (၃၂)သင်းအဆင့်မှာ အိုင်ဗရီကို့စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး (၁၆)သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ နော်ဝေအသင်းအတွက် သွင်းဂိုးတွေကို နူဆာနဲ့ ဟာလန်းတို့က သွင်းယူပေးခဲ့ပြီး အိုင်ဗရီကို့စ်အတွက် သွင်းဂိုးတစ်ဂိုးကို အာမက်ဒီယာလိုက သွင်းယူပေးခဲ့ကာ (၁၆)သင်းအဆင့်မှာ ဘရာဇီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ပူးတွဲအိမ်ရှင်မက္ကဆီကိုအသင်းကတော့ အီကွေဒေါအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး (၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းနဲ့ ကွန်ဂိုအသင်းတို့ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ငွေကြယ်