မြစ်ကြီးနား ဇူလိုင် ၁

ကချင်ပြည်နယ် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူးက သင်ကြားပို့ချပေးသွားမည့်  ဘာသာရပ်ဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်စာရင်းစစ်ချုပ်တို့သည် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာသစ်တည်ဆောက်နိုင်ရေး ပန္နတင်မင်္ဂလာ အခမ်းအနားများသို့ တက်ရောက်ကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ တက်ရောက်ပြီး သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ဘက်စကတ်ဘော၊ ရိုးရာခြင်း၊ လက်ဝှေ့၊ ကြက်တောင်၊ စနူကာ၊ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများတွင် ဒိုင်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ကြသော  ဒိုင်အဖွဲ့ဝင်များ၊ အားကစားနည်းအလိုက် ဆုရအသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့်  ဆုဖလားများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)