မုံရွာ ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြသလ္လာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းတွင် မုံရွာ ခရိုင်မှ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် မြို့နယ်တို့မှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၄၅ ဦးအား ဇူလိုင် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဖွင့်လှစ် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


