ရန်ကုန် ဇူလိုင် ၁

 

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အကြို ဈေးရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထူးမောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူး၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အကြို ဈေးရောင်းပွဲတော်အတွင်း ခင်းကျင်းပြသရောင်းချလျက်ရှိသည့် ဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

ယခုကျင်းပပြုလုပ်သည့် (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အကြို ဈေးရောင်းပွဲတော်တွင် ဒေသထွက်ကုန်များနှင် သမဝါယမထုတ်ကုန်ဆိုင်ခန်းပေါင်း ၄၀ နှင့် စတုဒိသာဆိုင်ခန်းတစ်ခန်း အပါအဝင် စုစုပေါင်းဆိုင်ခန်း ၄၁ ခန်းဖြင့် ခင်းကျင်းပြသ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

အာကာ