ပုဗ္ဗသီရိ ဇူလိုင် ၂
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးစပါး စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများဖြန့်ဖြူးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်သူများလက်ဝယ်အရောက် ဆောင်ရွက်ပေးသည်။
ထိုသို့ဖြန့်ဖြူးပေးရာတွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းများမှ အသင်းသားတောင်သူများ စိုက်ပျိုးလုပ်ငန်းတွင် အချိန်မီအသုံးပြုနိုင်ရေးအတွက် ပုလဲဓာတ်မြေဩဇာများကို တာဝန်ရှိသူများက လက်ဝယ်အရောက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


