ဇူလိုင် ၁ ရက်ညပိုင်းနဲ့ ဇူလိုင် ၂ ရက်နံနက်ပိုင်းတို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား (၃၂)သင်းအဆင့် ပွဲစဉ်တွေထဲမှာ အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရပြီး (၁၆)သင်းအဆင့် တက်လှမ်းခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ကွန်ဂိုအသင်းကို ပထမပိုင်းပွဲကစားချိန် ခုနစ်မိနစ်မှာ ဦးဆောင်ဂိုးပေးလိုက်ရပြီး ဒုတိယပိုင်း ပွဲကစားချိန် ၇၅ မိနစ်နဲ့ ၈၆ မိနစ်တို့မှာ ရရှိခဲ့တဲ့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ နှစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဟယ်ရီကိန်းဟာ ယခုကမ္ဘာ့ဖလားမှာ သွင်းဂိုး ငါးဂိုးရှိလာခဲ့တာဖြစ်ပြီး (၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းက မက္ကဆီကိုအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းကတော့ ဆီနီဂေါအသင်းကို နှစ်ဂိုးပြတ် ဦးဆောင်ခွင့်ပေးလိုက်ရပြီးမှ ၈၆ မိနစ်၊ ၈၉ မိနစ်တို့မှာ ချေပဂိုးနှစ်ဂိုးပြန်လည်ရရှိခဲ့ကာ သာမန်ပွဲကစားချိန်အတွင်း သရေရလဒ်ထွက်ပေါ်ခဲ့လို့ အချိန်ပိုကစားရာမှာ တစ်ဂိုးရရှိခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ (၁၆)သင်းအဆင့်မှာ အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ အမေရိကန်အသင်းကတော့ (၃၁)သင်းအဆင့်မှာ ဘော့စနီးယားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


