ကျုံပျော်  ဇူလိုင်  ၂

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍  သဘာဝရေပြင် အင်း၊ ချောင်းများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့ ပင်လုံရပ်ကွက် ဒါးကချောင်းရေပြင်၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းအောင်မော်က  တက်ရောက်လာသူများထံသို့ ငါးမျိုးများပေးအပ်ပြီး ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၇၅၀၀၀ နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၇၅၀၀၀ တို့အား  ဒါးကချောင်းအတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

 

နေဝင်းမြင့်(ပြန်/ဆက်)