ပျဉ်းမနား ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စု ဝဲကြီးကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပသည်။
ပြည်သူ့ စကားဝိုင်းတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲဝင်း၊ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး) မှ မြို့နယ်ဦးစီးမှူး ဒေါ်သွယ်သွယ်ခိုင်နှင့် ဝဲကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိလှိုင်တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက စိုက်ပျိုးရေရရှိရေး၊ ကျေးလက်လမ်းနှင့် ရေမြောင်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


