ဇီးကုန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် တောအုပ်ကြီး ဦးသိန်းဆိုင်က သစ်တောဆိုသည်မှာအဘယ်နည်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ဇီဝမျိုးကွဲများအကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိသောအကျိုး ကျေးဇူးများ၊ သစ်တောသစ်ပင်များမှ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးပြုမှုများကို ပရိုဂျက်တာဖြင့် ပြသကာ အသိပညာပေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အထက (မြို့မ)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)


