ဗီယင်နာ  ဇူလိုင်  ၆

အိုပက်ပလပ်စ်အဖွဲ့ဝင် ခုနစ်နိုင်ငံသည် လာမည့်ဩဂုတ်လတွင် ရေနံစိမ်းထုတ်လုပ်မှုကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း   ပြောကြားခဲ့သည်။  

ယင်းကြောင့် ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်ရေးအစီအစဉ်မှာ ငါးလမြောက်မြင့်တက်လာတော့မည်ဖြစ်သည်။

ဆော်ဒီအာရေဗျနှင့်   ရုရှားနိုင်ငံတို့ အပါအဝင်  အဓိကရေနံထုတ်လုပ်သည့်  နိုင်ငံများသည် ဇူလိုင် ၅ ရက်က အွန်လိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး လာမည့်လတွင် တစ်ရက်လျှင် ရေနံစိမ်းစည် ၁၈၈၀၀၀ တိုးမြှင့်ထုတ်လုပ်ရန် သဘောတူညီခဲ့ကြသည်။ 

အင်န်အိတ်ချ်ကေ