ဟနွိုင်း ဇူလိုင် ၆
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၉၄၀ ဒသမ ၅ သန်းတန်ဖိုးရှိ ငရုတ်ကောင်း ၁၄၅၆၈၆ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏ ၁၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် တန်ဖိုး ၁၀ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်းကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံသည် အကြီးဆုံးငရုတ်ကောင်းတင်ပို့ရာ ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်နိုင်ငံသို့ ငရုတ်ကောင်း ၃၅၃၆၂ တန် တင်ပို့ခဲ့ကာ ယမန်နှစ် အလားတူကာလထက် ၂၈ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့ထားကြောင်း သိရသည်။
ဆင်ဟွာ


