လပွတ္တာ    ဇူလိုင်     ၇

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့  ညနေပိုင်းက  နေသူရိန်အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် အထက(၁)အသင်းနှင့် အထက(၃)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက(၃) အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုရရှိသည့်အသင်းများနှင့် အားကစားသမားများအား လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်‌မော်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)