ဆိုးလ် ဇူလိုင် ၇

ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီ၏ ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း လုပ်ငန်းဆိုင်ရာလည်ပတ်မှု အမြတ်ငွေသည် ၁၉   ဆအထိ   တစ်ဟုန်ထိုးမြင့်တက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ  တောင်ကိုရီးယားဆမ်ဆောင်းကုမ္ပဏီသည် AI နှင့် ဆက်နွှယ်သော နည်းပညာဝန်ဆောင်မှု များတွင် အသုံးပြုသော ဆီမီးကွန်ဒက်တာ ဝယ်လိုအားမြင့်တက်လာသောကြောင့် ထိုကဲ့သို့ အမြတ်ငွေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပဏာမတွက်ချက်ထားသည့် စာရင်းအချက်အလက်များအရ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမြတ်ငွေသည် ဝမ် ၈၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံခန့်)အထက် ရောက်ရှိခဲ့ကြောင်း၊  ယင်းအမြတ်ငွေပမာဏသည် လွန်ခဲ့သည့် သုံးနှစ်က ကုမ္ပဏီ၏ စုစုပေါင်းအမြတ်ငွေ  ဝမ် ၈၃  ထရီလီယံထက်ပင် ပိုမိုများပြားနေကြောင်း၊  ယခုအခါ ဆမ်ဆောင်းကုမ္ပဏီသည် ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှုကို မြှင့်တင်ရန်   အာရုံစိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။         

အင်န်အိတ်ချ်ကေ