ရန်ကုန် ဇူလိုင် ၈

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေးတို့အတွက် ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာန၌ လူ၊ ပစ္စည်း၊ ယန္တရားစုဖွဲ့ထားရှိမှုကို ယနေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က စစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် အရေးပေါ် တုံ့ပြန်ရန် လူ၊ ပစ္စည်း၊ ယန္တရားစုဖွဲ့မှုများကို ကဏ္ဍအလိုက်ပြင်ဆင်ထား ရှိရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)