နောင်ချို ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ် ဟန်ထွန်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ ယာဉ်မောင်းသူများ လိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များ စသည်တို့ကို အသိပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


