ရန်ကုန်   ဇူလိုင်   ၈

ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ် သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူများ၏ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ကျောင်းအားကစားခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ပေးအပ်ချီးမြှင့်

ဦးစွာ အမျိုးသားအသင်း နှစ်သင်း၊ အမျိုးသမီးအသင်း နှစ်သင်း ဘော်လီဘောပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားဆက်လက်ကျင်းပရာ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်မေစိုးခိုင်နှင့် ပါမောက္ခ ဆရာမကြီးများက ပြိုင်ပွဲ၌အနိုင်ရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက အားကစားနည်းပြများ၊ပညာရေးဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းလက်ရွေးစင်အဖွဲ့တို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)