ရန်ကုန် ဇူလိုင် ၈

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒေါပုံ/သာကေတမြို့နယ်ရုံးမှ သင်ထောက်ကူ မော်တော်ယာဉ် (Mobile Training Bus) ဖြင့် ယမန်နေ့နံနက်ပိုင်းက စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်သည်။

 

အသိပညာပေး ဆွေးနွေးရာတွင် သာကေတမြို့နယ်ရှိ City Food Concepts Limited (Seasons Bakery) မုန့်စက်ရုံ၊ သာကေတစက်မှုဇုန်နှင့် နီလာဒံပေါက်စက်ရုံတို့၌ သင်ထောက်ကူ မော်တော်ယာဉ် (Mobile Training Bus) ဖြင့် အလုပ်သမား ဥပဒေပါရပိုင်ခွင့်များအား ရှင်းလင်းပြောကြားပြီး သင်္ဃန်းကျွန်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဆုဆုကျော် (အလုပ်ရုံစစ်ဆေးရေး)က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်တို့ကို ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)