မူဆယ် ဇူလိုင် ၈

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်သည်။

 

အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်က အမှာစကား ပြောကြားပြီး သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ပြည်တွင်းအခွန်များ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မျိုးမျိုးဦးက သင်တန်းသူများအတွက် ဝတ်စုံဖိုး ပေးအပ်သည်။ ဆက်လက်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ အမှတ်(၂၂) မူးယစ် တပ်ဖွဲ့စု မူဆယ်မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်သူရိန်ဖြိုးက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအကြောင်း၊ အမှတ်(၁၇) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူး မင်းနိုင်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအကြောင်း၊ မြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်က ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)