မြိတ် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြိတ်)မှ ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောသည်။
အသိပညာပေးဟောပြောရာတွင် အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြိတ်)မှ ဒုတိယရဲအုပ်စိုးမင်းက ယာဉ်၊ ဆိုင်ကယ်များ မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်း/စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


