ရန်ကုန် ဇူလိုင် ၈

 

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းက အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းရဲဇော်က အမှာစကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးတာဝန်ခံများက (WCC)အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ဆွေးနွေးပို့ချပြီး အငြင်းပွားမှုများကို လက်တွေ့သရုပ်ပြ ဆွေးနွေးပို့ချသည်။

 

သင်တန်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်ရုံ ၂၅ ရုံမှ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)