ကွမ်းခြံကုန်း     ဇူလိုင်    ၉ 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်  မြို့နယ်ပညာရေးဥက္ကဋ္ဌဖလား အသက်(၁၄)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အောင်ဆန်းသူရိယလှသောင်း အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက ဘောလုံးပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။

ဖွင့်ပွဲသို့   မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ပြီးပြိုင်ပွဲကို ဇူလိုင် ၈ ရက်မှ ၂၀ ရက်အထိ အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။                             

ဆွေနွယ်(ပြန်/ဆက်)