မော်လမြိုင် ဇူလိုင် ၉
မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ အခွန်အကြောင်း သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဦးသာညှင်းအဆောင်၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ဟန်က အခွန်အကောက်ဆိုင်ရာ အသိပညာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက အခွန်အကြောင်း သိကောင်းစရာများကို အမေး၊ အဖြေကဏ္ဍဖြင့် ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


