နေပြည်တော် ဇူလိုင် ၉

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၂၂) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဇေယျဌာန - ၂ လမ်းသွယ်၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သတ်မှတ်နေရာများ၌ ကျွန်းပင်များကို ဦးဆောင် စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို ကြည့်ရှု အားပေးကြသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအနေဖြင့် ယနေ့ ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်းပင်စုစုပေါင်း ၃၀၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်