လစ္စဘွန်း ဇူလိုင် ၉
ပေါ်တူဂီနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွား ၂၉ ဒသမ ၉ သန်း လာရောက်ခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ်ကထက် ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။
စပိန်နိုင်ငံသည် စုစုပေါင်းခရီးသည် ဝင်ရောက်မှု၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အဓိက ခရီးသွားအရင်းအမြစ် ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း လာရောက်သူအရေအတွက်မှာ ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
ဆင်ဟွာ


