တောင်ငူ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု၊ အရေးပေါ်အခြေအနေတွင် အသုံးပြုမည့် စက်ပစ္စည်း၊ ယာဉ်ယန္တရားများ ပြင်ဆင်ထားရှိမှု၊ ရိက္ခာနှင့် ဆေးဝါးအင်အား စုဆောင်းထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)


