နေပြည်တော် ဇူလိုင် ၁၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အငြိမ်းစားဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားလွှတ်တော်-ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်-ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီမှအဖွဲ့ဝင်များ၊ ပုဂ္ဂလိကဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အခြားဆက်စပ် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်းများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အမှာစကားပြောကြားသည်။
စကားဝိုင်း ဆွေးနွေးပွဲတွင် ဒီဂျစ်တယ်ငွေပေးချေမှုများ ဖွံ့ဖြိုးတိုးတက်ရေးမှသည် လူမှုဘဝ အဆင်ပြေချောမွေ့စေရေးသို့၊ ငွေကြေးမူဝါဒနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးဆီသို့၊တည်ငြိမ်ခိုင်မာသော ငွေရေးကြေးရေးစနစ်ဆီသို့ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသူများက ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


