ကျောက်မဲ ဇူလိုင် ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် အီးအမ်ဘိုကာရှီ မြေဆွေးပုံ လက်တွေ့ပြုလုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက်က စိုက်ပျိုးမြေများ မြေဆီလွှာ အရည်အသွေးကျဆင်းလာမှုကို ကာကွယ်နိုင်ရေးအတွက် ဓာတ်မြေဩဇာများကို စနစ်တကျလျှော့ချသုံးစွဲရန်နှင့် သဘာဝမြေဩဇာများ ပြောင်းလဲ သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် ရေရှည်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


