ဟဲဟိုး ဇူလိုင် ၁၂

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ယနေ့နံနက်ပိုင်းက ကလောခရိုင် ဟဲဟိုးမြို့ H & J Success COMPANY LIMITED ၏ မျိုးအာလူး အအေးခန်းသိုလှောင်ရုံဖွင့်ပွဲသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ မျိုးအာလူး အအေးခန်း သိုလှောင်ရုံကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဟဲဟိုးအာလူးအစုအဖွဲ့၏ တန် ၂၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ဖွင့်လှစ်နိုင်သည့်အတွက် ဒေသအတွင်း အာလူးစိုက် တောင်သူများ၏ မျိုးအာလူးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အာလူးစိုက်တောင်သူများအား တွေ့ဆုံနှုတ်ဆက်ပြီး မျိုးအာလူး အအေးခန်း သိုလှောင်ရုံနှင့် WORK SHOP တို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)