ပေါင် ဇူလိုင် ၁၂

 

မွန်ပြည်နယ် ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရင်းငြိမ်မြောက် ကျေးရွာ ကုန်ထုတ်လမ်းဘေးဝဲယာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့က ကျင်းပသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပေါင်မြို့နယ်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုစန္ဒီအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများက မန်ဂျန်ရှား၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်း စုစုပေါင်း ပျိုးပင် ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သုတ