ဖယ်ခုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၁၃ ရက်က မိုင်းဖြတ်ကျေးရွာ တောင်သူ ဦးမောင်လေး၏ လယ်မြေ ငါးဧကတွင် ကျင်းပသည်။
ဦးစွာ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းမြင့်က မိုးစပါးကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စပါးမျိုးစေ့ချ စိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ကွင်းသရုပ်ပြ ဆောင်ရွက်ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


