ပုသိမ် ဇူလိုင် ၁၄ 

 

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ပြင်ဆင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ) ဦးကိုကိုလွင်က ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးရှိ ဝန်ထမ်းများအား အီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရန်၊ မဲပေးစက် စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများကို ကိုယ်တိုင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရန်နှင့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ကျွမ်းကျင်သော ဝန်ထမ်းများရရှိစေရန်အတွက် ရည်ရွယ်၍ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက် ကြီးကြပ်မှုအဖွဲ့ ခေါင်းဆောင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက မြန်မာအီလက် ထရောနစ်မဲပေးစက် ၈၀၀၄ လုံး ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာအီလက်ထရောနစ်မဲပေးစက် ထိန်းသိမ်းထားရှိသည့်နေရာများနှင့် ဘက်ထရီများထားရှိသည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)