မူဆယ် ဇူလိုင် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမဆောင်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၁၂၅)ယာဉ်ထိန်းတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇင်လတ်က လမ်းဖြတ်ကူးလျှင် လိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သက်ဆိုင်သည့် သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများအား ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


