နောင်ချို ဇူလိုင် ၁၅
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ အသား၊ ဥ၊ နို့နှင့်နို့ထွက် ပစ္စည်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော မွေးမြူရေးခြံများသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်အောင်သန်း၊ ဦးသီဟလှိုင်နှင့် ဒေါ်ခိုင်သန္တာထွေးတို့သည် နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်တို့နှင့်အတူ ခဲထိတ်ကျေးရွာရှိ နို့စားနွား ၃၆၅ ကောင်မွေးမြူထားရှိသော PEP ခေတ်မီနို့စားနွား မွေးမြူရေးခြံ၊ ဆင်လမ်းစုကျေးရွာရှိ ဥစားကြက် အကောင် ၇၅၆၀၀ မွေးမြူထားရှိသော ရွှေကောင်းကင် ခေတ်မီ ဥစားကြက် မွေးမြူရေးခြံနှင့် ခြေမြစ်ပင်ကျေးရွာရှိ ဦးဇော်မျိုးဦး၏ ဒေသဆိတ် ၇၄ ကောင် မွေးမြူထားရှိသော ဒေသဆိတ်မွေးမြူရေးခြံများသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


