နေပြည်တော် ဇူလိုင် ၁၅
အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကား ပြောကြားပြီး တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး အတွင်း တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မတီ အဖွဲ့ဝင်များက ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား မေးမြန်းဆွေးနွေး အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ ပြန်လည်ရှင်းလင်း တင်ပြချက်များအား ကော်မတီ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကော်မတီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


