ဟားခါး ဇူလိုင် ၁၅

 

ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးခင်မောင်ထွေးနှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်တို့က MSME အေဂျင်စီ ဗဟိုဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ လမ်းညွှန်ချက်များကို ချင်းပြည်နယ် MSME အေဂျင်စီ၏ လုပ်ငန်းလမ်းညွှန်များအဖြစ်ခံယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြကြသည်။

 

ယင်းနောက် ချင်းပြည်နယ် အေဂျင်စီအဖွဲ့ဝင်များက MSME အမျိုးအစားအလိုက် ငွေထုတ်ချေးပေးနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက မြေပိုင်ဆိုင်မှု အထောက်အထားရရှိနိုင်ရေး၊ ချေးငွေများ ချေးယူနိုင်ရေးအတွက် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)