ဇူလိုင် ၁၆
အာဖဂန်နစ္စတန်နိုင်ငံသို့ အချိန်ကြာမြင့်စွာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားပြီးနောက် အစားအသောက်အကူအညီ မက်ထရစ်တန်ချိန် ၁၆၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း အာဖဂန်နစ္စတန်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကကြေညာခဲ့သည်ဟု ဒေသခံမီဒီယာ တိုလိုသတင်းတွင် ယနေ့ ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာအရ သင်္ဘောတင်ပို့မှုသည် နိုင်ငံတစ်ဝန်းရှိ ကလေး ၈၀၀၀၀ ခန့်နှင့် မိခင် ၂၅၀၀၀ ခန့်အတွက် အာဟာရအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့အစားအသောက်အကူအညီများ ရောက်ရှိလာခြင်းသည် အာဖဂန်နစ္စတန်ရှိ ထိခိုက်လွယ်သော အမျိုးသမီးများနှင့် ကလေးငယ်များအတွက် အာဟာရထောက်ပံ့ရေးအစီအစဉ်များကို အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်တွင် လူသန်းပေါင်းများစွာသည် ယနေ့တိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


