ကျောက်ဆည် ဇူလိုင် ၁၆

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန မှ ၂၀၂၆ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၅ ရက်က အင်းကုန်းအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်‌ဇော်နှင့် အတွင်းရေးမှူး ရဲမှူး ကျော်စိုးမိုး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက တမာပင်၊ စိန်ပန်းပင်၊ ကုက္ကိုပင်၊ ယူကလစ်ပင်၊ မဲဇလီပင် စုစုပေါင်း ပျိုးပင် ၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)