ဘားအံ ဇူလိုင် ၁၆
ကရင်ပြည်နယ် ဘားအံမြို့တွင် ကရင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ဘားအံတက္ကသိုလ် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းများ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပသည်။
ဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားများအခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကရင်ပြည်နယ်တွင် တိုင်းရင်းသားအခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ဘားအံတက္ကသိုလ် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအသင်းများမှ ဥက္ကဋ္ဌများက မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)


