ကွန်ဟိန်း ဇူလိုင် ၁၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ နမ့်ပန်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဝိသာခါဓမ္မာရုံ၌ ကျင်းပသည်။ 

 

ဦးစွာ နမ့်ပန်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်၏ သဘာပတိ ဒေါ်မြသန့်ကြည်က အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းက အသင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို အသင်းသူ အသင်းသားများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော အသင်းသားများ၏ သား သမီးများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး အသင်းသားများအား စုဆောင်းငွေအပေါ်အတိုးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး