ကျောက်ဆည် ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားမြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အသင်းနှင့် မြစ်သားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျောက်ဆည်မြို့နယ်အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကျောက်ဆည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် တာဝန်ရှိသူတို့က ပထမဆုရရှိခဲ့သည့် ကျောက်ဆည်အသင်း၊ ဒုတိယဆုရရှိသည့် မြစ်သားအသင်းနှင့် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


