ရန်ကုန် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းက ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးသည်။
ထိုသို့ ရောင်းချရာတွင် မြန်မာနိုင်ငံ ကြက်ဥ၊ ဘဲဥ ရောင်းချသူများအသင်းမှ တာဝန်ရှိသူများသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန) မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကြီးတွင်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒဝန်စျေးကြီးတွင်လည်းကောင်း၊ တာမွေမြို့နယ်ရှိ အခွန်လွတ်စျေးတွင်လည်းကောင်း မော်တော်ယာဉ်များဖြင့် ကြက်ဥအလုံးရေ သုံးသောင်းအား စားသုံးသူပြည်သူများ လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


