မြိတ် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပသည်။
ဗိုလ်လုပွဲ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲကို သမိုင်းအသင်းနှင့် အင်္ဂလိပ်စာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲတွင် သမိုင်းအသင်းက အင်္ဂလိပ်စာအသင်းအား နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မင်းမင်းဖြိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် တတိယ၊ ဒုတိယနှင့် ပထမရရှိသော အာကစားသမား များအား လည်ဆွဲဆုများ၊ အမျိုးသား/အမျိုးသမီးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားရရှိသောအသင်းများအား ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


