မြဝတီ ဇူလိုင် ၂၂

 

ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (စစ်မှုထမ်းဟောင်း​)ကျောင်းရှိ KG ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ ကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

 

အဆိုပါ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီအောင်နှင့် ဆရာ ဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက ပူးပေါင်း၍ KG ကျောင်းသား ကျောင်းသူ ၅၀ တို့အား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားသတ်မှတ်ထားသည့် အာဟာရဖြည့်အစားအစာများ ဖြစ်သည့် ထမင်း၊ ငါးကြော်၊ ကုလားပဲ၊ ကြာဆံကြော်၊ မုန်လာဥနီ၊ ငှက်ပျောသီးတို့ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)