မကွေး ဇူလိုင် ၂၅

 

၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မကွေးမြို့ ဆေးတက္ကသိုလ် (မကွေး) ဝင်း အတွင်း ယနေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ တမာ၊ မည်စည်၊ ဖျောက်ဆိပ်၊ ကုလားကုက္ကိုလ်၊ ပိတောက်၊ သပြေ ဘူတ၊ ခရေ၊ ပဲချယ်ရီ စသည့် သစ်မျိုးရှစ်မျိုး ပျိုးပင်စုစုပေါင်း ၁၂၀၀ ကျော်ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)