လသာ ဇူလိုင် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

 

အဆိုပါ အာဟာကျွေးမွေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသုဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံရွှီ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများက လာရောက် ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သုဝေက အစာစားပြီး စနစ်မှန်သွားတိုက်ခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေလင်း(ပြန်/ဆက်)