ရန်ကုန် ဇူလိုင် ၂၆

 

ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ် အရေးပေါ်အခြေအနေများတွင် လျင်မြန်မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ရန်  မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် အတွေ့အကြုံရှိ သူနာပြုဆရာမကြီးများက တန်ဖိုးရှိသော ဗဟုသုတများကို မျှဝေဆွေးနွေးပေးသွားမည့် Webinar ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား​ကောင်စီမှ သိရသည်။

 

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား​ကောင်စီက  ဦးစီးကျင်းပသော သူနာပြု သားဖွားများအတွက် CPD(3) point ရရှိမည့် တိုက်ရိုက် အွန်လိုင်းထုတ်လွှင့်မှု (Live Webinar) တစ်ခုကို ဇူလိုင် ၃၀ ရက် မွန်းလွဲ   ၁ နာရီတွင် Z-waka application နှင့် Zoom platform တို့တွင် Decision-Making on Obstetric Emergencies for Nurses and Midwies in Clinical Settings ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဟု အသိပေးထားသည်။

 

ဤ Webinar တွင် သူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က Identifying High-Risk Pregnancies in the Community: Initial Assessment, Birth Planning & Referral Decisions၊ ရန်ကုန်ဗဟိုအမျိုးသမီး​ဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ပန်းအိခိုင်က Pre-eclampsia and Eclampsia: Severity Assessment, Nursing Management & Case-Based Clinical Decision-Making ၊ အထက်တန်းသူနာပြု ဒေါ်ဆွေစိုးမာက Case-Based Assessment and Hospital Nursing Management on Placenta Previa ​ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပို့ချပေးသွားမည် ဖြစ်သည်။

 

အစီအစဉ်အား Z-waka App တွင် စာရင်းသွင်းရန်လင့်ခ်မှ စာရင်းပေးသွင်းနိုင်ပြီး Announ-cement Poster တွင် ပါဝင်သော Zoom QR code အား Scan ဖတ်၍ ဖြစ်စေ၊ Zoom ID, Passcode ရိုက်ထည့်၍ ဖြစ်စေ၊ zoom link ကို နှိပ်၍ဖြစ်စေ ဝင်ရောက်ပြီး Register လုပ်ကာ တက်ရောက်နားထောင်နိုင်ကြောင်း သိရသည်။

 

Webinar အတွက် CPD point ရယူလိုပါက KBZ pay - 09 - 448 542 329 သို့ CPD (3) points အတွက် ငွေကျပ် ၃၀၀၀  ပေးသွင်း၍ ငွေဖြတ်ပိုင်းကို 09 - 420 722 496 သို့ မှတ်ချက်တွင် တက်မည့်ပွဲအမည်၊ နေ့ရက်စသည် တို့ကို ပြည့်စုံစွာရေး၍ ပို့ပေးရန် ဖော်ပြထားသည်။ Z-waka App အကောင့် Register ပြုလုပ်ခြင်း၊ အသုံးပြုခြင်းများတွင် အဆင်မပြေမှု တစ်စုံတစ်ရာရှိပါက Z-waka ၏ ရုံးဖုန်းနံပါတ် ၀၉-၄၂၄၅၉၆၃၀၀ ကို ရုံးဖွင့်ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ခေါ်ဆိုမေးမြန်းနိုင်ကြောင်း သိရသည်။

 

MT